(၁၇)ကြိမ်မြောက် အောင်ဘာလေ ထီဖွင့်ပွဲအခမ်းအနားအား တိုက်ရိုက်Live ထုတ်လွှင့်တင်ဆက်မှု

သူဌေးလောင်းတို့ အတွက် အောင်ဘာလေ ထီပေါက်စဉ်တိုက်ရန်…live ရုပ်သံလေးဖြစ်ပါတယ်..မည်သူမဆို ထီဆုကြီး တွေ ကံထူးကြပါစေ

၁၇ကြိမ်မြောက် ကျပ်တစ်ထောင်တန်အောင်ဘာလေ သိန်းဆုဖွင့်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှု

Posted by DVB TV News on Tuesday, 30 June 2020

အစွမ်းထက်မြက်တဲ့ ထီပေါက် ဂါထာတော်

အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာကို တင်ပေးလိုက် ပါတယ် အစွမ်းထက်မြက်တဲ့ ထီပေါက် ဂါထာ ရှေးကျမ်းရင်း တစောင်မှာ ဖော်ပြထားပြီး အစွမ်း ထက်မြက်တဲ့ ထီပေါက်ဂါထာ ဖြစ်ပါတယ်။

ဂါထာရဲ့အဓိပ္ပါယ်အတိုချုပ်က…“ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်က ကာဏ္ဍဝေန မထေရ်ကြီးသည် ပထမ စာရေးတံမဲကို အမြဲတမ်း ပေါက်ခဲ့၏ ထို့အတူ ကျွန်ုပ်သည်လည်းဤသို့ ဖြစ်ရပါစေ သတည်း” ဟု ဆိုထားပါတယ်။

ရှေးဟောင်း ပေစာ တစ်ခုထဲ မှာလည်း ဒီဂါထာရဲ့ အစွမ်းကို အထူး အစွမ်း ထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ် အခုဂါထာကို မိတ်ဆွေတွေ အတွက် စေတနာရှေ့ထားလို့ ဖော်ပြပေးလိုက်ရပါတယ်။

 

ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ် ဆိုရင် သင်ဟာ ကိုးကွယ်ရာ ဘာသာရဲ့သီလကို ဆောက်တည်ရပါ လိမ့်မယ်။ ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာ ရွတ်ဖတ်နိုင်မှုအစွမ်း၊ ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့ အပေါ်မှာ မူတည်ပြီး

အစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။ ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ် ဆိုရင် လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ် လွယ်လွယ်တော့ မရနိုင်ပါဘူး။

လိုက်နာရမယ့် ၃ ချက်က-

၁။ ဒီဂါထာကို တစ်နေ့ အနည်းဆုံး ၁၀၈ လုံးပုတီး တစ်ပတ် ရအောင် စိပ်ရပါလိမ့်မယ်။ နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။ ၂။ ပုတီးမစိပ်မှီမှာ မြတ်စွာဘုရားသခင် ရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ။ ၃။ နောက်ဆုံး အချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက ၆ လအတွင်း ထီပေါက်နိုင်ပါတယ်။

အဖိုးထိုက်တန်သော ထီပေါက်ဂါထာ

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံဘိက္ခူနံ ပထမံ သလာကံဂဏုန္တာနံ ယဒိဒံ ကောဏ္ဍဓာနောဧတေန သစ္စ ဝဇ်ဆေ ဧဝံမေဟောတု” ရှားပါးပြီ အဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာ တစ်ပုဒ်ပါ အာလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြပါစေ သိန်းဆုတွေ ပေါက်ကြပါစေ ။

lottery

Be the first to comment

Leave a Reply

Your email address will not be published.


*