ပုပ္ပါးတောင်ကလပ် ပြန်လည်ဖွင့်လှစ်မည့် နေ့ရက်ကိုကြေငြာလိုက်ပါပြီ . . .

ဇူလိုင်လ (၁) ရက်နေ့တွင် ပုပ္ပါးတောင်ကလပ် ပြန်လည်ဖွင့်လှစ်မည်

ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးတောင်ကလပ်ကို ဇူလိုင် ၁ ရက် စတင်ပြီး ကိုဗစ်ကာလ စည်းကမ်းချက်တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ ပုပ္ပါးတောင်ကလပ် ဂေါပက အဖွဲ့ထံက သိရပါတယ်။

“လာတဲ့ ဘုရားဖူးကို တောင်ကလပ်စောင်းတန်းနှစ်ခုဖြစ်တဲ့ ပတ္တမြားစောင်းတန်းနဲ့ ဆင်နှစ်ကောင် စောင်းတန်းမှာ ဝန်ထမ်းတွေချထားမယ်။ အဲဒီကနေပြီးတော့ အပူချိန်တိုင်းမယ်။ Mask တပ်ဖို့ စစ်ဆေးမယ်။ လာတဲ့နေရပ်ဒေသ၊ ဖုန်းနံပါတ်တို့ကို မှတ်တမ်းတင်ပြီးတော့ တက်ရောက် ဖူးမြော်ခွင့် ပြုသွားမယ်” လို့ တောင်ကလပ် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးဌေးမြင့်က ပြောပါတယ်။

လူအင်အားကိုလည်း အတတ်နိုင်ဆုံး လျှော့ချအသုံးပြုထားသလို မျောက်တွေအတွက် အစာရောင်းချသူ တွေကို တစ်နေ့ ၁၂ ဦးရောင်းချခွင့်ပြုထားရာက တစ်ရက် ၆ ဦးသာ ရောင်းချရန် နှင့် ဖူးမြော်ခွင့် အချိန်ကိုလည်း မနက် ၆ နာရီမှ ညနေ ၅ နာရီအထိ ခွင့်ပြုထားပါတယ်။

COVID – 19 ကပ်ရောဂါကြောင့် ပုပ္ပါးတောင်ကလပ်ကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်က စတင်ပိတ်ထားခဲ့တာဖြစ်ပြီး တောင်ကလပ် ဈေးဆိုင်တန်းတွေကိုလည်း သတ်မှတ်စည်းကမ်းနဲ့ အညီ ဖွင့်လှစ်သွားမယ်လို့ ဂေါပကအဖွဲ့က ပြောပါတယ်။

Credit:Popolay

Be the first to comment

Leave a Reply

Your email address will not be published.


*