သားက မိခင်ပျောက်လို့ ရဲစခန်းမှာအမှုဖွင့်ထားပေမဲ့ ဖခင်ကိုယ်တိုင်က အလောင်းဖျောက်ထားတဲ့ ဖြစ်ရပ်

လွန်ခဲ့တဲ့ ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာ နေအိမ်မှတိတ်တဆိတ်ပျောက်ဆုံးသွားတဲ့ မိခင်ကို သားဖြစ်သူမှလူပျောက်တိုင်ချက်ဖွင့်ထားရာမှ အိမ်နှင့်မနီးမဝေး ပေ ၁၅၀ အကွာရှိ ရေတွင်းအဟောင်းထဲတွင် မသင်္ကာသဖြင့် ရဲတပ်ဖွဲ့မှမြေတူးစက်ဖြင့်တူးဖော်ကြည့်ရာ အလောင်းအားတွေ့ရှိခဲ့ပြီး လူသတ်တရားခံသည် အသက် ၈၃ နှစ်အရွယ် သေဆုံးသူ၏ခင်ပွန်းဖြစ်နေဟု ရဲမှူးချုပ်မှ Anuphat မှယနေ့ထုတ်ပြန်ခဲ့ကြောင်းသိရ ။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ လတ်ခ်ျဘူရီခရိုင် ကျော့ဘွန့်မြို့နယ် ဒန်ထပ်တကိုးကျေးရွာအုပ်စု ၊ ရပ်ကွက် ၁၆ တွင်နေထိုင်သော အသက် ၆၆ နှစ် အရွယ် Mrs.Nansukanya Janitprasart သည် လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့ကတည်းက ထူးဆန်းစွာနေအိမ်မှပျောက်ဆုံးသွားသဖြင့် သားဖြစ်သူ Mr. Danai Janitprasurt (၃၇) နှစ်မှရဲတပ်ဖွဲ့သို့လူပျောက်တိုင်ကြားထားခဲ့သဖြင့် ရဲတပ်ဖွဲ့မှမသင်္ကာသည့်သူများအားလိုအပ်သလိုစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပျောက်ဆုံးသွားသူ၏နေအိမ် အိပ်ခန်းအတွင်း သွေးစသွေးနများကို စစ်ဆေးတွေ့ရှိခဲ့သလို အိပ်ယာခင်းအသစ်နှင့် သူမ၏ဖိနပ်တစ်ရံကိုလည်းနေအိမ်မှာဘဲတွေ့ရှိခဲ့သည်ဟုသိရှိရသည် ။

အသက် ၈၃ နှစ်အရွယ်ခင်ပွန်းဖြစ်သူ Mr.Sanan Janiprasurt အားမေးမြန်းရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့က ဘဏ်တစ်ခုတွင်ငွေသွားထုတ်အပြီးဈေးသွားမည်ဟုပြောဆိုသွားခဲ့ပြီး ပြန်မလာတော့ဘဲပျောက်သွားခဲ့တာဟုဖြေခဲ့သည် ။

ထို့ကြောင့်ရဲတပ်ဖွဲ့မှနေအိမ်ပတ်ဝန်းကျင်ပေ ၁၅၀ ပတ်လည်အားလိုက်လံကြည့်ရှူ့စစ်ဆေးစဉ်ဝကြက်မွေးမြူရေးခြံဟောင်းအနီးတွင်အုန်းဆံပတ်တစ်ချို့ကိုမီးပုံရှိုံ့ထားသည်သဲလွန်စများကိုပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတွေ့ရှိခဲ့ပြီး မြေတူးထားသည့်အရာများ ၊ အင်္ဂတေအပဲ့အပိုင်းအစများကိုတွေ့ရှိခဲ့ရာမသင်္ကာသဖြင့် အနီးအနားရှိမြေကျင်းပတ်ပတ်လည်အားတူးဖော်ကြည့်စဉ် ကွန်ကရစ်ခွေ အဝအကျယ် ၃ ပေပတ်လည် အနက် ၂၄ ပေအနက်တွင် ပျောက်ဆုံးနေသော Mrs.Sukanya အလောင်းဟုယူဆရသော ရုပ်အလောင်းအား ဇွန်လ ၁၁ ရက်နေ့ကရှာဖွေတွေ့ရှိ့ခဲ့ရပြီး အလောင်း၏ဘယ်ဘက်ဦးခေါင်းမှာ ချိုင့်ဝင်နေသည့်ဒဏ်ရာတွေ့ရှိခဲ့တယ်လို့ ကယ်တယ်ရေးအဖွဲ့တွေကဆိုပါတယ် ။

အဲ့ဒီနောက် ရဲတပ်ဖွဲ့မှ နေအိမ်အိပ်ခန်းအတွင်းမှသွေးကွက်၏ DNA စစ်ဆေးထားချက်နှင့် တူးဖော်ရရှိခဲ့သည့် ရုရှာ်းအလောင်း၏ DNA တို့အားတိုက်ဆိုက်စစ်ဆေးရာ ကိုက်ညီနေသဖြင့် ခင်ပွန်းဖြစ်သူအားမသင်္ကာမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ရာ ဇနီးဖြစ်သူနှင့် ဇွန်လ ၄ ရက်နေ့ကမတော်တဆ စကားများရန်ဖြစ်ရာမှ တွန်းလှဲမိရင်း မတော်တဆလဲကျသေဆုံးခဲ့သည့်အတွက် အလောင်းအားရေမရှိသည့်ရေတွင်းထဲပစ်ချကာ အပေါ်ကနေ မြေဖို့ခဲ့ခြင်း ၊ သွေးစွန်းခဲ့သည့်မွေ့ယာအဟောင်းအား မီးရှို့ခဲ့ခြင်း ၊ နေအိမ်တွင်ဘာမှမဖြစ်ငလိုနေခဲ့ခြင်ူဖြစ်သည်ဟုထွက်ဆိုခဲ့ပါသည် ။

သေဆုံးသူသည်သားဖြစ်သူနှင့်သာအနေများပြီးတစ်ခါတစ်ရံမှသာ ခင်ပွန်းဖြစ်သူထံလာရောက်ခဲ့ရာ မြေအရောင်းအဝယ်ကိစ္စတွင်ရောင်းရသည့်ငွေကြေးတစ်ချို့တစ်ဝက် ခွဲဝေမပေးသဖြင့်စကားများရန်ဖြစ်ကြရာ မတော်တဆသေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဖြောင့်ချက်ပေးခဲ့သည် ။

ရဲတပ်ဖွဲ့မှ တရားခံအား လူသတ် ၊ အလောင်းဖျောက်မှုဖြင့်ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိရပါသည် ။

Photo Crd #Dusit

သတင်း #SiThuMaung #Freelance