တောင်ကြီးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အပင် ၅၀၀ စိုက်ပျိုး

“တောင်ကြီးမြို့တွင် ဒေါ်အောင်ဆန်းစုကြည် ၏ ၇၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အပင် ၅၀၀ စိုက်ပျိုး”

တောင်ကြီးမြို့ တောင်ချွန်းတက်လမ်း၊ ရွှေမုဌော လမ်းဆုံတွင် ယနေ့ ဇွန်၁၉ ရက် နံနက် ၇း၀၀နာရီအချိန်က ဒေါ်အောင်ဆန်းစုကြည် ၏ ၇ ၅ နှစ် မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် အပင် ၅၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ရက်ဖြစ်သည့် ဇွန် လ၁၉ ရက်နေ့ တွင် သစ်ပင်စိုက်ပျိုးသည့် အစီအစဉ်အာ့း  ရှင်သန်ကမ္ဘာမြေ အစိမ်းရောင် ကွန်ရက်အဖွဲ့ မှ ဦးဆောင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ရက်ရောက်တိုင်း စုပေါင်း အပင်စိုက်ပျိုးခြင်းအား နှစ်စဉ်ပြုလုပ်ပေးခြင်းဖြစ်သည်ဟု ရှင်သန်ကမ္ဘာမြေအစိမ်းရောင်ကွန်ရက်အဖွဲ့ ဥက္ကဌ ဒေါ်ချယ်ရီကျော် ကပြောသည်။

ဒေသမျိုးရင်းအပင်များဖြစ်သည့် ချယ်ရီ၊ ၀က်သစ်ချ၊ ငုရွှေဝါ၊ ငုစပ်ချယ်ရီ ၊ ရေမြော၊ ရေသင်းဝံ ၊စိန်ပန်းနီ၊ စိန်ပန်းပြာ ပင်များအား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲကို စက်ဘီးစီးအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ မှ လူဦးရေ ၂၀၀ကျော် ပူးပေါင်းပါဝင်ခဲ့ကြသည်။

စိုက်ပျိုးခဲ့သည့် အပင်များ ရှင်သန် ကြီးထွားလာစေရန်လည်း ရှင်သန်ကမ္ဘာမြေ အစိမ်းရောင်ကွန်ရက်အဖွဲ့မှ ပြုစု ပျိုးထောင်ပေးသွားမည်ဖြစ်သည်။

သတင်း ဓာတ်ပုံ -ဂျွန်ချစ်ငြိမ်း