ကြည့်ရှုသူ (၉) သန်းကျော်သွားပြီး တစ်ကမ္ဘာလုံးက လူတွေကို ခွီနေစေရအောင် လုပ်လိုက်တဲ့ ကျောင်းသားလေး

Zawgyi ဖြင့်ဖတ်ရန်




Credit – We Love Cele
Unicode ဖြင့်ဖတ်ရန်
ယခုဖော်ပြပါဗီဒီယိုလေးကတော့ယနေ့ လူမှုကွန်ယက်ပေါ်မှာနာမည်ကြီးနေတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးကြည့်ပြီးအားလုံးငယ်စဉ်က ကျောင်းတက်ခဲ့ရတဲ့ ကလေးဘဝကို သတိရသွားကြမှာအမှန်ပါပဲ ကလေးပီပီ အပူပင်မရှိ၊ ဆော့လိုက် စားလိုက်နဲ့ ပင်ပန်းတဲ့အရွယ်မှာ ကျောင်းတက်ရင် အိပ်ငိုက်၊ အိပ်ပျော်ရတာလည်း အကြိမ်ကြိမ်ကြုံဖူးကြမှာပါ။

ထိုဗီဒီယိုလေးထဲမှာတော့ ကျောင်းမှာစာသင်ရင်းအိပ်ပျော်သွားတဲ့ကျောင်းသားလေး ကျောင်းဆင်းတာတောင် မသိရှာတော့ဘဲ မိခင်လာခေါ်မှ နိုးလာပြီးအိပ်ချင်မူးတူးနဲ့ ထိုင်နေတဲ့ထိုင်ခုံကို ကျောပိုးအိတ်အမှတ်နဲ့ လွယ်ပြီး ပြန်သွားတဲ့ ဗီဒီယိုလေးပါ။
ကလေးဘဝရဲ့အပူပင်မရှိ ဖြူစင်မှုတွေကို အထင်းသားမြင်တွေ့ရမှာဖြစ်ပြီး ဒီဗီဒီယိုဖိုင်လေးကို ကြည့်ရှုသူ သန်းချီရှိနေတာလည်းတွေ့ရပါတယ်။ အဲဒါကြောင့်ပရိသတ်တွေပါ ကြည့်လို့ရအောင် မျှဝေပေးလိုက်တာဖြစ်ပါတယ်။
Credit – We Love Cele