ဖူးေတြ႕ရန္ခက္ခဲလွတဲ့မိုင္းဖုန္းဆရာေတာ္ကို အနီးကပ္ဖူးေျမာ္ခြင့္ရရွိခဲ့တဲ့ လူမင္းတို႔မိသားစု

Zawgyi ျဖင့္ဖတ္ရန္
သ႐ုပ္ေဆာင္ လူမင္းကေတာ့ လက္ရွိမွာ အႏုပညာအလုပ္ေတြ လုပ္ကိုင္ရင္း မိသားစုနဲ႔အတူ ေအးခ်မ္းစြာေနထိုင္ေနတာ ေတြ႕ရပါတယ္။ ဘုရားတရားကိုင္းရွိုင္းတဲ့ လူမင္းက သားနဲ႔သမီးကိုပါ ဘာသာေရးအေပၚ သက္ဝင္ယုံၾကည္မွုရွိေစရန္ ငယ္စဥ္ကတည္းက ဆုံးမသင္ၾကားေပးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း သားနဲ႔သမီးက ေဖေဖတို႔မအားလပ္ခိုက္မွာ ဘုရားခန္းေဝယ်ာဝစၥေတြအျပင္ ဘိုးဘိုး၊ဘြားဘြားေတြကိုလည္း အနီးကပ္ေစာင့္ေရွာက္ေပးၾကပါတယ္။

လူမင္းတို႔မိသားစုေလးက တန္ခိုးႀကီးတဲ့ဆရာေတာ္ဘုရားေတြကိုလည္း ပုံေတာ္ေတြနဲ႔ အိမ္မွာကိုးကြယ္ၾကတဲ့အထိ အေလးထားၾကတာ ျဖစ္ပါတယ္။ အခုလည္း လူမင္းတို႔မိသားစုေလးက လူတိုင္းကေလးစားယုံၾကည္ရတဲ့ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးကို အနီးကပ္ပူေဇာ္ခြင့္ရရွိခဲ့ပါတယ္။ မိုင္းဖုန္းဆရာေတာ္ဘုရားႀကီးကေတာ့ တကယ့္ကို တန္ခိုးႀကီးတဲ့အျပင္ ဖူးေတြ႕ရန္ေတာင္ မလြယ္ကူလွပါဘူး။

ဒါေပမယ့္ လူမင္းတို႔မိသားစုေလးေတာ့ ကံေကာင္းစြာနဲ႔ ေသေသခ်ာခ်ာ ဖူးေျမာ္ခြင့္ရခဲ့ပါတယ္။

ဒါေၾကာင့္ လူမင္းက ပရိသတ္ေတြလည္း ဖူးေျမာ္နိုင္ေအာင္ ပုံေလးေတြရိုက္ကူးၿပီး ျပန္လည္မၽွေဝခဲ့ပါတယ္။ လူမင္းက “မိုင္းဖုန္းဆရာေတာ္ဘုရားရန္ကုန္ႂကြလို႔ အရမ္းဖူးခ်င္ေနတာ ဖူးခြင့္ရလိုက္တာနဲ႔တင္ေက်နပ္ပါတယ္ဘုရား” ဆိုၿပီး တင္ထားတာ ျဖစ္ပါတယ္။ လူမင္းတို႔မိသားစုေလးက မိုင္းဖုန္းဆရာေတာ္အျပင္ ေအာက္စဖိုစ့္ဆရာေတာ္ဘုရားကိုလည္း ဖူးခြင့္ရလိုက္ပါေသးတယ္။ ကဲ ပရိသတ္ေတြလည္း တန္ခိုးႀကီးဆရာေတာ္ဘုရားေတြကို ဖူးေတြ႕နိုင္ေစဖို႔ ပုံေလးေတြ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source:Ayarwady Lu Min;
Credit – myanmarload
Unicode ျဖင့္ဖတ္ရန္
သရုပ်ဆောင် လူမင်းကတော့ လက်ရှိမှာ အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း မိသားစုနဲ့အတူ အေးချမ်းစွာနေထိုင်နေတာ တွေ့ရပါတယ်။ ဘုရားတရားကိုင်းရှိုင်းတဲ့ လူမင်းက သားနဲ့သမီးကိုပါ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်မှုရှိစေရန် ငယ်စဉ်ကတည်းက ဆုံးမသင်ကြားပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သားနဲ့သမီးက ဖေဖေတို့မအားလပ်ခိုက်မှာ ဘုရားခန်းဝေယျာဝစ္စတွေအပြင် ဘိုးဘိုး၊ဘွားဘွားတွေကိုလည်း အနီးကပ်စောင့်ရှောက်ပေးကြပါတယ်။
လူမင်းတို့မိသားစုလေးက တန်ခိုးကြီးတဲ့ဆရာတော်ဘုရားတွေကိုလည်း ပုံတော်တွေနဲ့ အိမ်မှာကိုးကွယ်ကြတဲ့အထိ အလေးထားကြတာ ဖြစ်ပါတယ်။ အခုလည်း လူမင်းတို့မိသားစုလေးက လူတိုင်းကလေးစားယုံကြည်ရတဲ့ မိုင်းဖုန်းဆရာတော်ဘုရားကြီးကို အနီးကပ်ပူဇော်ခွင့်ရရှိခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ဘုရားကြီးကတော့ တကယ့်ကို တန်ခိုးကြီးတဲ့အပြင် ဖူးတွေ့ရန်တောင် မလွယ်ကူလှပါဘူး။
ဒါပေမယ့် လူမင်းတို့မိသားစုလေးတော့ ကံကောင်းစွာနဲ့ သေသေချာချာ ဖူးမြော်ခွင့်ရခဲ့ပါတယ်။
ဒါကြောင့် လူမင်းက ပရိသတ်တွေလည်း ဖူးမြော်နိုင်အောင် ပုံလေးတွေရိုက်ကူးပြီး ပြန်လည်မျှဝေခဲ့ပါတယ်။ လူမင်းက “မိုင်းဖုန်းဆရာတော်ဘုရားရန်ကုန်ကြွလို့ အရမ်းဖူးချင်နေတာ ဖူးခွင့်ရလိုက်တာနဲ့တင်ကျေနပ်ပါတယ်ဘုရား” ဆိုပြီး တင်ထားတာ ဖြစ်ပါတယ်။ လူမင်းတို့မိသားစုလေးက မိုင်းဖုန်းဆရာတော်အပြင် အောက်စဖိုစ့်ဆရာတော်ဘုရားကိုလည်း ဖူးခွင့်ရလိုက်ပါသေးတယ်။ ကဲ ပရိသတ်တွေလည်း တန်ခိုးကြီးဆရာတော်ဘုရားတွေကို ဖူးတွေ့နိုင်စေဖို့ ပုံလေးတွေ တင်ဆက်ပေးလိုက်ပါတယ်နော်။
Source:Ayarwady Lu Min;
Credit – myanmarload