အလွမ်းဓါတ်ခံရှိသူတွေ မျက်ရည်ဝဲသွားနိုင်စေတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းအသစ်လေး
ဝိုင်းစုခိုင်သိန်းကတော့ ” ဝိုင်းစုရဲ့ သီချင်းအသစ်တွေ အကြောင်းကြောင်းကြောင့် မထွက်တာဖြစ်လည်းကြာပြီဆိုတော့ အခုလို တန်ဆောင်တိုင် အားလပ်ရက်တွေမှာနားထောင်လို့ရအောင် ဝိုင်းစုရဲ့ ချစ်ဆုံး “fans”တွေအတွက် “ပြတ်စာဆိုတဲ့ MTV လေးတင်ပေးလိုက်တယ်နော်လို့ ကြိုက်တယ်ဆို like & share လေးလုပ်ပေးပါဦးနော် ချစ်တယ်… အာဘွား ဆိုပြီး သူမရဲ့သီချင်းအသစ်လေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။
Myint Myat
Unicode ဖြင့်ဖတ်ရန်
အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး ဝိုင်းစုခိုင်သိန်းကတော့ သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်သူတစ်ဦးမို့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတာပဲ ဖြစ်ပါတယ်။ သီချင်းအသစ်မထွက်တာ ကြာနေပြီဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ လတ်တလောမှာ သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် “ပြတ်စာ” ဆိုတဲ့ သီချင်းအသစ်လေးကို လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့တာ တွေ့ရပါတယ်။ အသဲကွဲနေတဲ့ အလွမ်းဓါတ်ခံရှိတဲ့သူတွေနားထောင်ရင် မျက်ရည်ဝဲသွားနိုင်လောက်တဲ့ ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းအသစ််လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဝိုင်းစုခိုင်သိန်းကတော့ ” ဝိုင်းစုရဲ့ သီချင်းအသစ်တွေ အကြောင်းကြောင်းကြောင့် မထွက်တာဖြစ်လည်းကြာပြီဆိုတော့ အခုလို တန်ဆောင်တိုင် အားလပ်ရက်တွေမှာနားထောင်လို့ရအောင် ဝိုင်းစုရဲ့ ချစ်ဆုံး “fans”တွေအတွက် “ပြတ်စာဆိုတ့ဲ MTV လေးတင်ပေးလိုက်တယ်နော်လို့ ကြိုက်တယ်ဆို like & share လေးလုပ်ပေးပါဦးနော် ချစ်တယ်… အာဘွား ဆိုပြီး သူမရဲ့သီချင်းအသစ်လေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပါ။
ခံစားချက်တွေအပြည့်ပါတဲ့ သီချင်းစာသားတွေနဲ့ ဝိုင်းစုရဲ့အသံလေး ပေါင်းစပ်လိုက်တဲ့အခါမှာတော့ “ပြတ်စာ” ဆိုတဲ့ သီချင်းလေးက ပိုပြီး အသက်ဝင်လာတာပါ။
ဝိုင်းစုခိုင်သိန်းကတော့ ချစ်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။
ဝိုင်းစုခိုင်သိန်းရဲ့ သီချင်းဗီဒီယိုအသစ်
ဝိုင်းစုခိုင်သိန်းကတော့ “ဂါ” ဆိုတဲ့ သီချင်းဗီဒီယိုအခွေ ထွက်ပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေ ကြဲနေခဲ့တာပဲ ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ အကြာကြီးနေမှ သူမရဲ့သီချင်းကို ပြန်နားထောင်ရလို့ ပျော်နေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေရော “ပြတ်စာ” ဆိုတဲ့ သီချင်းလေးကိုနားထောင်ပြီး တစ်စုံတစ်ယောက်ကို သတိရမိကြသေးလားဆိုတာ ဖြေသွားခဲ့ပါဦးနော်။
Myint Myat
Source;Wine Su Khaing Thein’s Facebook