နောက်နောင် လူနာတင်အဌားကားလိုက်လျှင် ခွင့်ပြုချက် မရှိတဲ့ အသံများအသုံးပြုခြင်း မပြုရန်

Zawgyi ဖြင့်ဖတ်ရန်

မော်လမြိုင်မြို့ သံလွင်တံတားထိပ်တွင် တာဝန်ရှိယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ တံတားမှအဖွဲ့စုံစစ်ဆေးရေးအဖွဲ့များ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်း၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးမြင့်ဦး၊ ကိုဇင်မိုး၊ ကိုအောင်လင်းယု နှင့်အဖွဲ့ဝင်များမှ တားဆီးစီစစ်ရာ ၄င်းကားမှာအင်းစိန်ဘက်ဆေးရုံတခုမှ DB တခု အား မော်လမြိုင်သို့အခကြေးငွေ (၃)သိန်းဖြင့် တင်ဆောင်လာသော ကားဖြစ်ကြောင်း သိရှိရသဖြင့် ပနောက်နောင် လူနာတင်အဌားကားလိုက်လျှင် ခွင့်ပြု ချက် မရှိသော အသံများအသုံးပြုခြင်း မပြုရန် ပရဟိတ အသင်းကားလည်းမဟုတ်ပဲ အခကြေးငွေဖြင့် အဌားလိုက်သည့် ကားဖြစ်သဖြင့် အခြားပရဟိတအသင်း အစစ်အမှန်များအား အများပြည်သူ အထင်လွဲစေ ခြင်း ဖြစ်ပေါ်စေသဖြင့် နောက်နောင်ပို၍ ဆင်ခြင်သတိ ထားရန် စသည်ဖြင့် ပြောဆိုခဲ့ပါသည် ထို့အပြင်တာဝန်ရှိ ယာဉ်ထိန်းတပ်ဖွဲ့မှလည်း ခွင့်ပြုချက် မရှိသော အသံဖွင့်ပြီး မောင်းလာသော လူနာတင်ကား အား သက်ဆိုင်ရာ မော်တော်ယာဉ်ဥပဒေအရ အရေးယူခဲ့ပါကြောင်း အကြောင်းကြားဆက်သွယ်လာသည့် သူများရော လူမှုကွန်ယက်ပေါ်တင်၍ အကူအညီတောင်း လာသူများရော သိစေရန် တင်ပေးလိုက်ပါသည်။

Crd…Zin Moe
Unicode ဖြင့်ဖတ်ရန်
လူနာတင်ကားတွင်ခွင့်ပြုချက်မရှိသော VIP(ရဲကား)အသံ အသုံးပြု၍အခကြေးငွေဖြင့်လူနာတင်ဆောင်လာသော ကားတစ်စီးအား စီစစ်အရေးယူခြင်း
14.11.2018 ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ဘက်မှ မော်လမြိုင်ဘက်သို့ မည်သည့်အသင်းမည်သည့်အဖွဲ့ အမှတ်တံဆိပ်မှမပါသော လူနာတင်ကားတစ်စီးမှ VIP လမ်းကြောင်းများတွင်အသုံးပြုသော(ရဲကားသံ) ဖွင့်၍ လမ်းတလျှောက် မောင်းနှင်လာကြောင်း ဖြတ်သန်းရာ လမ်းတလျှောက်ရှိ မြို့နယ်များမှ ဖုန်းဆက်သတင်းပေးပြီးတိုင်ကြားလာသည့်အပြင်လူမှုကွန်ယက် facebook ပေါ်တွင်လည်း သတင်းများတက်နေကြောင်း အကြောင်းကြားလာသဖြင့်

မော်လမြိုင်မြို့ သံလွင်တံတားထိပ်တွင် တာဝန်ရှိယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ တံတားမှအဖွဲ့စုံစစ်ဆေးရေးအဖွဲ့များ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်း၊ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးမြင့်ဦး၊ ကိုဇင်မိုး၊ ကိုအောင်လင်းယု နှင့်အဖွဲ့ဝင်များမှ တားဆီးစီစစ်ရာ ၄င်းကားမှာအင်းစိန်ဘက်ဆေးရုံတခုမှ DB တခု အား မော်လမြိုင်သို့အခကြေးငွေ (၃)သိန်းဖြင့် တင်ဆောင်လာသော ကားဖြစ်ကြောင်း သိရှိရသဖြင့် ပနောက်နောင် လူနာတင်အဌားကားလိုက်လျှင် ခွင့်ပြု ချက် မရှိသော အသံများအသုံးပြုခြင်း မပြုရန် ပရဟိတ အသင်းကားလည်းမဟုတ်ပဲ အခကြေးငွေဖြင့် အဌားလိုက်သည့် ကားဖြစ်သဖြင့် အခြားပရဟိတအသင်း အစစ်အမှန်များအား အများပြည်သူ အထင်လွဲစေ ခြင်း ဖြစ်ပေါ်စေသဖြင့် နောက်နောင်ပို၍ ဆင်ခြင်သတိ ထားရန် စသည်ဖြင့် ပြောဆိုခဲ့ပါသည် ထို့အပြင်တာဝန်ရှိ ယာဉ်ထိန်းတပ်ဖွဲ့မှလည်း ခွင့်ပြုချက် မရှိသော အသံဖွင့်ပြီး မောင်းလာသော လူနာတင်ကား အား သက်ဆိုင်ရာ မော်တော်ယာဉ်ဥပဒေအရ အရေးယူခဲ့ပါကြောင်း အေကြောင်းကြားဆက်သွယ်လာသည့် သူများရော လူမှုကွန်ယက်ပေါ်တင်၍ အကူအညီတောင်း လာသူများရော သိစေရန် တင်ပေးလိုက်ပါသည်။

မော်လမြိုင်မြို့ပေါ်ရှိပရဟိတအသင်းအဖွဲ့များ အခြားမြို့ နယ်များရှိ ကွန်ယက်ချိတ်ဆက်ထားသော အသင်းအဖွဲ့များရှိ ကားများအားလုံးသည် မည်သည့်အကြောင်းနှင့် မျှ မီးသတ်ကား သံ၊ ရဲကားသံများ အသုံးမပြုပါ။
သတ်မှတ်ထားသော လူနာတင်ကားသံများသာ အသုံးပြုရန်လည်း ကွန်ယက် ချိတ်ဆက်၍ တိုက်တွန်းထားပြီး အမြဲတမ်းလည်း လိုက်နာဆောင်ရွက်လျှက်ရှိပါသည် ယခုစီစစ်တွေ့ရှိရသော ကားမှာလည်း မည်သည့် ပရဟိတအသင်းမှ မဟုတ်ပဲ ပြင်ပမှ အဌားလိုက်သည့် လူနာတင်ကားသာ ဖြစ်ပါသည်။
Crd…Zin Moe