ျပင္ဦးလြင္ျမိဳ႕ေရွာင္လမ္းမွာဓာတ္ပံုရိုက္ခ်င္သူမ်ား သတိထားၾကပါေနာ္

4-11-2018 ေၾကာက္စရာေကာင္းပီး တရားဥပေဒစိုးမိုးမႈမရွိေသာ ျပင္ဦးလြင္ ၿမိဳ႕ေရွာင္လမ္း ဒီေန႔ကိုယ္တိုင္ႀကံဳေတြ႔ခဲ့တာေလး ေျပာပါရေစ။ညီေလးတေယာက္လက္ခံထားတဲ႔ Per wedding ရိုက္ကူးဖို႔ ျပင္ဦးလြင္ ကိုသြားရိုက္ျဖစ္တယ္။ ပီးေတာ့ လွပပီးေရပန္းစားေနတဲ႔ ျပင္ဦးလြင္ၿမိဳ႕ေရွာင္လမ္းကို အျပန္မွာဓာတ္ပံုဝင္ရိုက္တယ္။ တကယ္လည္းလွပါတယ္ဗ်ာ။
ဒါေပမဲ႔သိပ္မၾကာခင္မွာ ကြ်န္ေတာ္တို႔ဓာတ္ပံုရိုက္တဲ႔ေနရာကို ေကာင္းေလး ႏွစ္ေယာက္နဲ႔ ေကာင္မေလးႏွစ္ေယာက္ အေမာတႀကီးေျပးလာတယ္။သူတို႔က ကြ်န္ေတာ္တို႔ကို အစ္ကို ကူညီပါဦး ဟုိလူေတြ ကြ်န္ေတာ္တို႔ကို ဓားနဲ႔လိုက္ထိုးေနလို႔ဆိုပီးေျပာတယ္။ရန္ျဖစ္ၾကတာလားဆိုေတာ့ အဲ႔လူေတြကိုသူတို႔မသိဘူးတဲ႔။ ကြ်န္ေတာ္တို႔လည္းဘာလုပ္ရမွန္းမသိျဖစ္သြားတယ္။ ရွိတဲ႔လူနဲ႔လည္းခ်မရ ဟိုဘက္က ၅ ေယာက္ ဓားေတပါတယ္။ ကြ်န္ေတာ္တို႔က၃ေယာက္ သြားမခ်ရဲဘူးေလ။
အဲ႔ဒါနဲ႔ ရဲ စခန္းဖုန္းဆက္တိုင္လိုက္တယ္ အဲ႔ဒါကသူတို႔နယ္ေျမဟုတ္ဘူး ျပင္စာ ရဲစခန္းသြားတိုင္လို႔ျပန္ေျဖတယ္။ ဆိုင္ကယ္လုခံရတဲ႔ကေလးေတြကလည္းငိုေနၾကတယ္။ ကြ်န္ေတာ္တို႔နဲ႔ ကိုက္ ၃၀၀ အကြာေလာက္မွာသူတို႔ဆိုင္ကယ္ကို ေသာ့ေတျဖတ္ပီး ေအးေအးေဆးေဆးကိုယူေနတာ။ ဘယ္သူမွလည္းမလိုက္ရဲၾကဘူး။ ဒါနဲ႔ အဲ႔နားမွာဖြင့္တဲ႔မုန္႔ဆိုင္က ရဲစခန္းလိုပ္ပို႔မယ္ေျပာလို႔ ဆိုင္ကယ္ပိုင္ရွင္ကေလး၂ေယာက္နဲ႔ ရဲစခန္းသြားၾကတယ္။ ဖုန္းဆက္ေမးေတာ့ စခန္းသြားတဲ႔ေကာင္ေလးေတြက ျပင္စာစခန္းက သူတို႔နယ္မဟုတ္လို႔ ဘုရားႀကီးရဲစခန္းကိုထပ္လႊဲတယ္ေျပာတယ္။
တာ္ေတာ္ၾကာမွနယ္ထိန္းနဲ႔အဆက္သြယ္ရပီလို႔ဆက္သြယ္လာတယ္။ (ကေလးေတြဆိုင္ကယ္ျပန္ရၾကပါေစဗ်ာ) တခုထပ္ေျပာခ်င္တာက ကိုယ္နယ္ထဲမွာျဖစ္မွ ရဲေတြမွာ တာဝန္ရွိတာလား ဆိုတာကိုပါ။ ဓားနဲ႔ရမ္းကားပီး လူျမင္ကြင္းမေရွာင္ လုယက္ေနတာကို တိုင္တာေတာင္ဖမ္းမရဘူးလားဗ်ာ။စိတ္ပ်က္စရာေကာင္းပါတယ္။
သတိေပးပါရေစ။ ျပင္ဦးလြင္ကၿမိဳ႕ေရွာင္လမ္းကို ျဖတ္သြားျဖတ္လာလုပ္ရင္း မေနႏိုင္လို႕ဓာတ္ပံုရိုက္မယ္ဆို အမ်ားသူငွာရိုက္တဲ႔ေနရာ။ လူမ်ားမ်ားရွိတဲ႔ေနရာမွာဘဲရိုက္ၾကပါလို႕ေျပာပါရေစ။ အဲ့ဒီမွာ အလုခံရင္ေတာ့ ျပန္လဲမခုခံနဲ႔ ဘယ္သူမွကူညီမွာမဟုတ္ဘူး။ ေဘးကင္ၾကပါေစ။ ခိုးစား လုစားတဲ႔ေကာင္ေတလည္း ျမမ္ျမန္ခ်မ္းသာပါေစ။
Source Kyaw thu tun
Unicode Version
4-11-2018 ကြောက်စရာကောင်းပီး တရားဥပဒေစိုးမိုးမှုမရှိသော ပြင်ဦးလွင် မြို့ရှောင်လမ်း ဒီနေ့ကိုယ်တိုင်ကြုံတွေ့ခဲ့တာလေး ပြောပါရစေ။ညီလေးတယောက်လက်ခံထားတဲ့ Per wedding ရိုက်ကူးဖို့ ပြင်ဦးလွင် ကိုသွားရိုက်ဖြစ်တယ်။ ပီးတော့ လှပပီးရေပန်းစားနေတဲ့ ပြင်ဦးလွင်မြို့ရှောင်လမ်းကို အပြန်မှာဓာတ်ပုံဝင်ရိုက်တယ်။ တကယ်လည်းလှပါတယ်ဗျာ။
p>ဒါပေမဲ့သိပ်မကြာခင်မှာ ကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့နေရာကို ကောင်းလေး နှစ်ယောက်နဲ့ ကောင်မလေးနှစ်ယောက် အမောတကြီးပြေးလာတယ်။သူတို့က ကျွန်တော်တို့ကို အစ်ကို ကူညီပါဦး ဟိုလူတွေ ကျွန်တော်တို့ကို ဓားနဲ့လိုက်ထိုးနေလို့ဆိုပီးပြောတယ်။ရန်ဖြစ်ကြတာလားဆိုတော့ အဲ့လူတွေကိုသူတို့မသိဘူးတဲ့။ ကျွန်တော်တို့လည်းဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ရှိတဲ့လူနဲ့လည်းချမရ ဟိုဘက်က ၅ ယောက် ဓားတေပါတယ်။ ကျွန်တော်တို့က၃ယောက် သွားမချရဲဘူးလေ။
အဲ့ဒါနဲ့ ရဲ စခန်းဖုန်းဆက်တိုင်လိုက်တယ် အဲ့ဒါကသူတို့နယ်မြေဟုတ်ဘူး ပြင်စာ ရဲစခန်းသွားတိုင်လို့ပြန်ဖြေတယ်။ ဆိုင်ကယ်လုခံရတဲ့ကလေးတွေကလည်းငိုနေကြတယ်။ ကျွန်တော်တို့နဲ့ ကိုက် ၃၀၀ အကွာလောက်မှာသူတို့ဆိုင်ကယ်ကို သော့တေဖြတ်ပီး အေးအေးဆေးဆေးကိုယူနေတာ။ ဘယ်သူမှလည်းမလိုက်ရဲကြဘူး။ ဒါနဲ့ အဲ့နားမှာဖွင့်တဲ့မုန့်ဆိုင်က ရဲစခန်းလိုပ်ပို့မယ်ပြောလို့ ဆိုင်ကယ်ပိုင်ရှင်ကလေး၂ယောက်နဲ့ ရဲစခန်းသွားကြတယ်။ ဖုန်းဆက်မေးတော့ စခန်းသွားတဲ့ကောင်လေးတွေက ပြင်စာစခန်းက သူတို့နယ်မဟုတ်လို့ ဘုရားကြီးရဲစခန်းကိုထပ်လွှဲတယ်ပြောတယ်။
တာ်တော်ကြာမှနယ်ထိန်းနဲ့အဆက်သွယ်ရပီလို့ဆက်သွယ်လာတယ်။ (ကလေးတွေဆိုင်ကယ်ပြန်ရကြပါစေဗျာ) တခုထပ်ပြောချင်တာက ကိုယ်နယ်ထဲမှာဖြစ်မှ ရဲတွေမှာ တာဝန်ရှိတာလား ဆိုတာကိုပါ။ ဓားနဲ့ရမ်းကားပီး လူမြင်ကွင်းမရှောင် လုယက်နေတာကို တိုင်တာတောင်ဖမ်းမရဘူးလားဗျာ။စိတ်ပျက်စရာကောင်းပါတယ်။
သတိပေးပါရစေ။ ပြင်ဦးလွင်ကမြို့ရှောင်လမ်းကို ဖြတ်သွားဖြတ်လာလုပ်ရင်း မနေနိုင်လို့ဓာတ်ပုံရိုက်မယ်ဆို အများသူငှာရိုက်တဲ့နေရာ။ လူများများရှိတဲ့နေရာမှာဘဲရိုက်ကြပါလို့ပြောပါရစေ။ အဲ့ဒီမှာ အလုခံရင်တော့ ပြန်လဲမခုခံနဲ့ ဘယ်သူမှကူညီမှာမဟုတ်ဘူး။ ဘေးကင်ကြပါစေ။ ခိုးစား လုစားတဲ့ကောင်တေလည်း မြမ်မြန်ချမ်းသာပါစေ။
Source Kyaw thu tun