MMA ၿပိဳင္ပြဲမ်ားအတြက္ အဆင္သင့္ျဖစ္ၿပီလုိ႔ ေၾကညာလုိက္တဲ့ လူ႔ဘီလူးႀကီးမာတင္ဖုိ႔ဒ္

ပုိလန္ MMA အဖြဲ႕ခ်ဳပ္ရဲ႕ (၂၀၁၉) တုိက္ခုိက္ေရးသမားစာရင္းထဲမွာ ပါ၀င္လာတဲ့ မာတင္ဖုိ႔ဒ္ဟာ MMA ၿပိဳင္ပြဲေတြအတြက္ အဆင္သင့္ျဖစ္ေနၿပီဆုိတဲ့အေၾကာင္း သူ႕ရဲ႕ၿပိဳင္ဖက္ေတြကုိ သတိေပးလုိက္ပါတယ္။
အရပ္ (၆)ေပ (၈) လက္မရွိၿပီး ေၾကာက္စရာ ၾကြက္သားထုထည္ကုိ ပုိင္ဆုိင္ထားတဲ့ ဖုိ႔ဒ္က ဒီရာသီမွာမွ MMA ၿပိဳင္ပြဲဆီကုိ ေျခလွမ္းလုိက္တာျဖစ္ၿပီး ေလ့က်င့္ေရးစင္တာမွာ တုိက္ခုိက္ေရးသင္တန္းေတြကုိ တက္ေရာက္ေနခဲ့တာပါ။

ကမာၻ႕အသန္မာဆုံးလူေတြထဲက တစ္ေယာက္လုိ႔ အားလုံးက သတ္မွတ္ထားၾကတဲ့ ဖုိ႔ဒ္ဟာ သူ႕ရဲ႕အင္စတာဂရမ္အေကာင့္ေပၚမွာ ျပင္းျပင္းထန္ထန္ ေလ့က်င့္ခန္းလုပ္ေနတဲ့ ဗီဒီယုိတစ္ခုနဲ႔အတူ ၿပိဳင္ဖက္ေတြအတြက္ အဆင္သင့္ျဖစ္ေနၿပီဆုိတဲ့အေၾကာင္း အသိေပးလုိက္တာပါ။
ရုပ္ရွင္ဇာတ္ကားေတြထဲမွာ ၀င္ေရာက္သရုပ္ေဆာင္ဖူးသလုိ၊ ႀကံ့ခုိင္ေရးနည္းျပတစ္ေယာက္လည္း လုပ္ခဲ့ဖူးတဲ့ ဖုိ႔ဒ္ဟာ သူ႕ရဲ႕လမ္းေၾကာင္းသစ္အတြက္ စိတ္လႈပ္ရွားေနတာျဖစ္ၿပီး MMA ၿပိဳင္ပြဲေတြမွာ ေအာင္ျမင္မႈရဖုိ႔ေမွ်ာ္လင့္တယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆုိထားပါတယ္။

ကၽြန္ေတာ္ MMA ၿပိဳင္ပြဲေတြအတြက္ အျပည့္အ၀အာရုံစုိက္ထားပါတယ္၊ အခုဆုိရင္ ခႏၶာကုိယ္ၾကြက္သားေတြအတြက္ ေလ့က်င့္ခန္းလုပ္ေနတာေတြကုိေတာင္ ရပ္ထားၿပီး တုိက္ခုိက္ေရးနည္းစနစ္ေတြကုိပဲ သင္ယူေနခဲ့တာာပါ။ ကၽြန္ေတာ့္ဘ၀မွာ ခရစ္ကက္ကစားသမားလုပ္မယ္လုိ႔ အိပ္မက္တစ္ခုကုိ မွားယြင္းၿပီး မက္ခဲ့ၿပီးၿပီ။ ေနာက္ထပ္ အိပ္မက္တစ္ခုကုိ ထပ္ၿပီးအမွားမခံႏုိင္ေတာ့ပါဘူး” လုိ႔ ဖုိ႔ဒ္ကဆုိပါတယ္။
ဖုိ႔ဒ္က နာမည္ေက်ာ္တုိက္ခုိက္ေရးသမား မက္ဂရီေဂၚကုိ အားေပးသူတစ္ေယာက္ျဖစ္ၿပီး ေနာက္ထပ္ႏွစ္အနည္းငယ္အတြင္းမွာ သူ႕လုိမ်ိဳးနာမည္ေက်ာ္တစ္ေယာက္ ျဖစ္လာရမယ္လုိ႔ ဆုိလုိက္ပါတယ္။
Unicode ျဖင့္ဖတ္ရန္
ပိုလန် MMA အဖွဲ့ချုပ်ရဲ့ (၂၀၁၉) တိုက်ခိုက်ရေးသမားစာရင်းထဲမှာ ပါ၀င်လာတဲ့ မာတင်ဖို့ဒ်ဟာ MMA ပြိုင်ပွဲတွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း သူ့ရဲ့ပြိုင်ဖက်တွေကို သတိပေးလိုက်ပါတယ်။
အရပ် (၆)ပေ (၈) လက်မရှိပြီး ကြောက်စရာ ကြွက်သားထုထည်ကို ပိုင်ဆိုင်ထားတဲ့ ဖို့ဒ်က ဒီရာသီမှာမှ MMA ပြိုင်ပွဲဆီကို ခြေလှမ်းလိုက်တာဖြစ်ပြီး လေ့ကျင့်ရေးစင်တာမှာ တိုက်ခိုက်ရေးသင်တန်းတွေကို တက်ရောက်နေခဲ့တာပါ။

ကမ္ဘာ့အသန်မာဆုံးလူတွေထဲက တစ်ယောက်လို့ အားလုံးက သတ်မှတ်ထားကြတဲ့ ဖို့ဒ်ဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ပေါ်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်နေတဲ့ ဗီဒီယိုတစ်ခုနဲ့အတူ ပြိုင်ဖက်တွေအတွက် အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်း အသိပေးလိုက်တာပါ။
ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ၀င်ရောက်သရုပ်ဆောင်ဖူးသလို၊ ကြံ့ခိုင်ရေးနည်းပြတစ်ယောက်လည်း လုပ်ခဲ့ဖူးတဲ့ ဖို့ဒ်ဟာ သူ့ရဲ့လမ်းကြောင်းသစ်အတွက် စိတ်လှုပ်ရှားနေတာဖြစ်ပြီး MMA ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့မျှော်လင့်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားပါတယ်။

ကျွန်တော် MMA ပြိုင်ပွဲတွေအတွက် အပြည့်အ၀အာရုံစိုက်ထားပါတယ်၊ အခုဆိုရင် ခန္ဓာကိုယ်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းလုပ်နေတာတွေကိုတောင် ရပ်ထားပြီး တိုက်ခိုက်ရေးနည်းစနစ်တွေကိုပဲ သင်ယူနေခဲ့တာာပါ။ ကျွန်တော့်ဘ၀မှာ ခရစ်ကက်ကစားသမားလုပ်မယ်လို့ အိပ်မက်တစ်ခုကို မှားယွင်းပြီး မက်ခဲ့ပြီးပြီ။ နောက်ထပ် အိပ်မက်တစ်ခုကို ထပ်ပြီးအမှားမခံနိုင်တော့ပါဘူး” လို့ ဖို့ဒ်ကဆိုပါတယ်။
ဖို့ဒ်က နာမည်ကျော်တိုက်ခိုက်ရေးသမား မက်ဂရီဂေါ်ကို အားပေးသူတစ်ယောက်ဖြစ်ပြီး နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ သူ့လိုမျိုးနာမည်ကျော်တစ်ယောက် ဖြစ်လာရမယ်လို့ ဆိုလိုက်ပါတယ်။